Thursday, January 7, 2010

လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေရပီးစက ကဗျာတွေပါ

မင်းလိုသူငယ်ချင်း"

ငှက်တွေမြင့်မြင့်ပျံကြတယ်

ဖမ်းဖို့ခက်သလို

မင်းလိုသူငယ်ချင်းကို

မေ့ဖို့ခက်ပါတယ်..........

ကြယ်တွေကောင်းကင်ထက်မှာ

လင်းလက်နေကြတယ်

ရယူနိုင်ဖို့ခက်သလို

မင်းလိုသူငယ်ချင်းကို

မုန်းဖို့ခက်ပါတယ်.........

ငါလည်းသေသွား

ပင်လယ်လည်းခမ်းခြောက်သွားမယ်ဆိုလည်း

မင်းလိုသူငယ်ချင်းကို

ဘယ်တော့မှ နှုတ်မဆက်ပါဘူးကွယ်.................

FRIEND LIKE YOU

bird fly high
hard to catch
friend like you
hard to forget
stars twinkle in the sky

hard to take
friend like you
hard to hate
i will die
sea will dry

friend like you
i never say "GOOD BYE"


Dream poem

writing a poem in dream
the poem i write leaves no mark
deep in the warm night i dream the dream
in each dream i write a poem
the poem i write i do not voice
for a moment i greet the poem
for that moment i smile with joy
when i awake i recall
the old incidentof the night
and with that thought i retain the joy

အိပ်မက် ကဗျာ

အိပ်မက်ထဲမှာ ၊ ကဗျာရေးသော

ရေးသောကဗျာ ၊ အရာမထင်

ညဥ့် ပင်ညဥ့် နက် ၊နွေးလျှက်တွေးမက်

တခါမက်လျှင် ၊ တပုဒ်ဆင်၍

ဆင်သောတပုဒ် ၊ ကွယ်၍မြုပ်၍

နုတ်နှင့်မဟ ၊ ဖော်မပြလည်း

ဆီးရကြိုရ ၊ တဒင်္ဂသည်

ပြုံးရပျော်ရ ၊ တခဏသည်

ညကဖြစ်ကြောင်း ၊ ပြန်၍ ပြောင်း၍

မဟောင်းမဆွေး ၊ တတွေးတွေးပင်

တရေးနိုးသော် ၊ ပျော်နေမြဲ ။

WAVE AND ROCK
Myo Myint Sew

it is war
whenever we meet
yet when you retreat
wiping your tears
i sit alone here
unhappy,
whenever you leave me
you go crying
happier together quarrelling
then separated and sad,
so let's get together again
in a world that is mad.


လှိုင်းနှင့် ကျောက်ဆောင်

တွေ့ကြသောခါ ၊ မင်းနဲ့ငါလျှင်
ကြေညာ ရန်စစ် ခင်းကြမြဲ ။
မျက်ရည်ကိုသုတ် ၊ မင်းပြန်ဆုတ်လျှင်
ငုတ်တုတ်ငါ့မှာ မှိုင်ရမြဲ ။
ငါ့ကိုကြဉ်ဖယ် ၊ လှိုက်လှဲလှဲဖြင့်
မင်းလဲလမ်းမှာ ၊ ငိုသွားမြဲ ။
ဝေးတသက်သက် ၊ နီးတကျက်က
စိတ်လက်ရွှင်ပုံ ၊ ရူးသူ့ဘုံမို့
ပြန်ဆုံဦးစို. မင်းနဲ.ငါ။

...................................

...................................ဒီကဗျာတွေက လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေရပီးစက ကဗျာတွေပါ

...............................................ဆိုဒ်တွေထဲမှာတော့.......သခင်ကြီနာမည်နဲေ၇းတယ်လေ

........................................................


သူငယ်ချင်းတစ်ယောက်ဆီကရလာသောစာပါ...


နန်း

3 comments:

  1. “မင်းလိုသူငယ်ချင်း”

    ငှက်တွေမြင့်မြင့်ပျံကြတယ်
    ငါးတွေက နက်ရှိုင်းရာမှာ ကူးခတ်ကြတယ်
    သူတို့ကို ဖမ်းပြီးချက်စားဖို့ ခက်သလို
    မင်းလိုသူငယ်ချင်းကို
    အဲ .. အဲ ..

    ReplyDelete
  2. ကရင်တိုင်းရင်းသား ဘလော့နဲ့ ဝက်ဘ်ဆိုက်များ အချင်းချင်းကွန်ယက် (network) အဖြစ် ပူးပေါင်းလုပ်ကိုင်ကြဖို့၊ ကိုယ့်ဆိုက်ဒ်ကို စိတ်ဝင်စား ဗဟုသုတရဖွယ် ဖြစ်အောင်လုပ်ကြ အဆင့်မြှင့်ကြဖို့၊ စာပေယဉ်ကျေးမှုပိုင်း နိုင်သူတွေက ကိုယ်တတ်စွမ်းသလောက် ဝိုင်းဝန်းဖြည့်ဆည်းကြဖို့ နှိုးဆော်ပါတယ်။

    ReplyDelete
  3. မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)

    ReplyDelete