Monday, November 30, 2009

ဘီလ်ကိတ်ပြောတဲ့ ဘဝ(၁၁)ခု

(ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရဲ့)ဘွဲ့နှင်းသဘင် (မဟုတ်ပါ)တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက “အခွင့်အရေး” တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

>>>ဆက်ဖတ်ရန်>>> >>

Tuesday, November 17, 2009

မီးကလေး

လျှာရိုးမရှိလို့ ပြောသောစကား
မယုံလေနှင့် သတိထား
မုသားမပါ လင်္ကာမချော
သိတယ်နော် အန္တရာယ်များမယ် မီးကလေး - - -။
• ဘဝတစ်ကွေ့ ခဏကြုံတွေ့
အမုန်းမပွား အပြုံးစကားလေနှင့်
ခင်မင်ဖို့တော့ အသင့်ပြင်ပေါ့
အန္တရာယ်လည်းကင်း ဘေးလည်းရှင်းတယ် မီးကလေး - - -။
• သမိုင်းကပေးသော တာဝန်
လိပ်ပြာသန့်သန့် စိတ်သန့်သန့်နှင့်လျှောက်
ချစ်တာတော့ ချစ်တာပေါ့
ပေးဆပ်သောအချစ် မဖြစ်သင့်
မီးကလေးက မီးကလေးမို့ပါ
ထိုမှသာလျှင် ဘဝခရီး
ဖြောင့်ဖြူသာယာလိမ့်မယ် မီးကလေး - - -။
• ဗုဒ္ဓဘာသာ မြန်မာလူမျိုး
ငါတို့အမျိုး ငါတို့ဘာသာ
ဓလေ့ထုံးတမ်း ရိုးရှင်းပါသည်
အထူးတလည် ပြောဖို့မလို
ငါတို့အမျိုး ငါတို့ယုံပါဘိ
• သို့သော် - - - သို့သော် - - - မီးကလေးရယ်
ကမ္ဘာကြီးက ရွာဖြစ်လို့လာပြီ
ငါတို့အမျိုး မီးကလေးတန်ဖိုး
တန်ခိုးစွမ်းအား ထွန်းလင်းတောက်ပပါစေ မီးကလေး - - -။
• အသိနှင့်ကျင့် သတိနှင်ယှဉ်မှ
ကောင်းမည်မဟုတ်လော - - -။
• ပိုသည်မရှိ လိုသည်သာရှိ
မီးကလေး အသိပါ
ဒေါသ မောဟ လောဘတွေကို
တတ်နိုင်သမျှ ထိန်းဖမ်းနိုင်ဖို့
စေတနာလေနှင့် ညွှန်းဆိုလိုက်တယ် မီးကလေး - - -။
• မီးကလေးဘဝ မီးကလေးအလှ
မီးကလေးပေါ် မူတည်တယ်နော်
>>>ဆက်ဖတ်ရန်>>> >>

Friday, November 6, 2009

အို ဘယ့်.. ရန်ကုန်တက္ကသိုလ်





Webometrics ရဲ့ ၂၀၀၇ခုနှစ် နှစ်လည်ထုတ်ဝေလိုက်တဲ့ အရှေ့တောင်အာရှ ထိပ်တန်း တက္ကသိုလ် ၁၀၀ ကို ကျွန်တော်ဖတ်ကြည့်လိုက်တဲ့အခါ ကျွန်တော့်မျက်စိကိုယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားရတာကို ၀န်ခံပါရစေ။ အခု ၁၀၀ ထဲမှာ ထိုင်းနိုင်ငံက တက္ကသိုလ် ၄၁ခု၊ မလေးရှားက ၁၈ခု၊ အင်ဒိုနီးရှားက ၁၄ခု၊ ဖိလစ်ပိုင်က ၁၃ခု၊ စင်္ကာပူနဲ့ ဗီယက်နမ်က ၇ခုစီ ပါဝင်တယ်။ အဲဒီအထဲမှာ ကျွန်တော်တို့မြန်မာပြည်က တက္ကသိုလ်များကို မဆိုထားဘိ၊ ရန်ကုန်တက္ကသိုလ်တောင်မပါဘူး။



လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
စင်ကာပူ ၀န်ကြီးချုပ်ဖြစ်လာမယ် သူဟာ တက္ကသိုလ်ကျောင်းသားဘ၀က
မြန်မာပြည်က ရန်ကုန်တက္ကသိုလ်ကိုကြည့်ပြီး သိပ် အားကျခဲ့တာ
ရန်ကုန်တက္ကသိုလ်ကြီးဟာ ငါတို့နိုင်ငံမှာ ဆိုရင်ဘယ်လောက်များကောင်းလိမ့်မလဲ........
ဒီတက္ကသိုလ်ကြီးမှာသာ ဘွဲ့ယူခွင့်ရရင် ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိမ့်မလဲ....တဲ့
စင်ကာပူမြို့တော်ကိုတည်ဆောက်တဲ့အခါ ငါတို့ Burma က Rangoon City ကို သူတို့ရဲံ ပညာရှင်တွေကိုယ်တိုင်
လာရောက်လေ့လာပြီးတော့မှ Rangoon City ရဲ့ ပုံစံကို အခြေခံယူပြီး singapore ကို တည်ဆောက်ခဲ့တာဘဲလေ......


လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ထိုင်း ဘတ်ငွေ ၂၅ ဘတ်က Burma ငွေ တစ်ကျပ် တဲ့
အခုတော့ ထိုင်း တစ်ဘတ် က မြန်မာ ငွေ ၃၅ ကျပ် ဖြစ်သွားပြီ...

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ဘားမား ဘောလုံးအသင်းက မာဒေးကားမှာ ( အရှေ့တောင်အာရှ နှင့် အာရှ ထိပ်တန်းအသင်းများပါဝင်)ဆို
ဘားမားဘောလုံးအသင်းရဲံ အောင်မြင်မှုကို အရှေ့တောင်အာရှ က ဘယ်အသင်း မီမှာတဲ့လဲ
အာရှမှာ ချန်ပီယုံဖြစ်ခဲ့တာတွေက ပုံပြင်တွေလား

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးမှာ Burmese တစ်ဦးရဲ့ သြဇာ
ကမ္ဘာကို လွမ်းခဲ့တာတွေ..........
အခုတော့ မြန်မာကိုယ်စားလှယ်ဆိုရင် ....မျက်လုံးစိမ်းတွေနဲ့

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
မယားတောသူ.........ကျွန်မှာကုလားတဲ့
burma မှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေ
တို့ ဘားမားတွေ သူတို့ကို အိမ်သာဆေးခိုင်းတာ
တို့ဘားမားတွေ အင်္ဂလန်သွားတယ်ဆိုတာက ပညာတော်သင်..ပညာရှင်အဖြစ်နဲ့
အခုတော့........မောင်
မလေးမှာ အိုးတိုက်မှာလား
စလုံးမှာ စားပွဲထိုးမှာလား
ဒူဘိုင်းမှာ တွင်းတူးမှာလား

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
Burma ဆို OK
U Aung San ဆို Right
U Thant ဆို Right
U Nu ဆို Right

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
...........................................
.................................................

အို so sorry.
I m stupid.
I m not Burma.now.
I m Myanmar.

Ha Ha ...
I m Myanmar.
Burma dead with her beauty.
Who kill?
Who kill?
နန်း
>>>ဆက်ဖတ်ရန်>>> >>

ရယ်ရွှင်စရာ အဖြာဖြာ

လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က
အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ
ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို
ဒီလို ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့
ရေရတယ်။ အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော်
ရေတွက်ခွင့် လက်မှတ်ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000
ပေးလိုက်ပြီး သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့တွေ့တော့ ခံလိုက်ရတာပဲ။
ဟီးဟီးဟီး................ .. ငါကဖြင့် 15 ထပ် လောက်တောင် ရေပြီးပြီ ”
တဲ့။း)




လွဲချက်

စုံထောက်ရှားလော့ဟုမ်းနှင့် သူ့မိတ်ဆွေ ဂျွန်တို့ နှစ်ယောက်
ခရီးထွက်လာကြ၏။သူတို့ ကမ်းခြေတွင် အစားအသောက်များစားသောက်ပြီးသော
အခါ
အိပ်စက်ကြ၏။ညသန်းခေါင်ယံတွင် ရှားလော့က “ကဲ ဂျွန်ထစမ်းပါအုံး
မိုးပေါ်ကိုကြည့်လိုက်စမ်းဘာမြင်ရလဲ“ ဂျွန်ကကြည့်လိုက်ပြီး “ကြယ်တွေလေ
ရှားလော့ရယ်““ကဲ အဲဒီကြယ်တွေကို ကြည့်ပြီး ခင်ဗျားဘာပြောနိုင်လဲ“ ဂျွန်က
ခဏစဉ်းစားလိုက်ပြီး “အင်း နက်ခက်ဗေဒ အရဆိုရင် ဒီစင်္ကြာဝဌာထဲမှာ
ကြယ်ပေါင်းမြောက်များစွာရှိမယ်လို့ ပြောလို့ ရတယ်
အဲတစ်နည်းဆိုရင်ဂြိုလ်တွေမြောက်များစွာပေါ့ အဲ ဇီဝဗေဒ အရဆိုရင်
ဒီလောက်များတဲ့ ဂြိုလ်တွေမှာ တစ်ဂြိုလ်ဂြိုလ်မှတော့
သက်ရှိတွေရှိနိုင်တယ်...အဲနှိုင်းယှဉ်မှူသီအိုရီအရတော့
မနေ့ကအိမ်မှာအိပ်တဲ့ အရသာဟာ ဒီနေ့ကြယ်တွေအောက်မှာ အိပ်တဲ့ အရသာကို
မမှီင်္တာအမှန်ပဲ“ ရှားလော့က အံ့သြစွာဖြင့် “ကျုပ်ခင်ဗျားကို
ဒီလောက်တုံးမယ်လို့ မထင်ဘူးဗျာ ခင်ဗျားတော်တော်တုံးတာပဲ
ကျုပ်တို့ရွက်ဖျင်တဲ အခိုးခံရပြီဗျ“


မင်းတို့ပဲ စွမ်းသလား

နိုင်ငံရပ်ခြားက တိုးရစ်စ် တစ်ယောက်ဟာ ဒေလီ နဲ့ အက်ဂရာမှာ သူ့ကို
လိုက်ပို့ဖို့ အိန္ဒိယ ဧည့်လမ်းညွှန် တစ်ယောက်ကို ငှားပါတယ်။ ဒေလီက
ခံတပ်နီကြီး ကို ရောက်တဲ့အခါမှာတော့ ဗိသုကာ လက်ရာတွေကို သဘောကျလို့
ဘယ်နှစ်နှစ် ကြာအောင် ဆောက်ရသလဲ လို့မေးပါတယ်။ ဧည့်လမ်းညွှန်က “နှစ် ၂၀
ကြာပါတယ်။” လို့ ပြန်ဖြေပါတယ်။

“မင်းတို့ အိန္ဒိယက ကောင်တွေ ငပျင်းတွေပဲ။ ငါတို့ တိုင်းပြည်မှာ
ဒါမျိုးဆောက်ရင် ၅ နှစ်နဲ့ ပြီးတယ်။” လို့ တိုးရစ်စ်က ပြန်ပြောပါတယ်။

အက်ဂရာကို ရောက်တဲ့ အခါမှာတော့ တာ့ဂ်ျမဟာရ် ဂူသင်္ချိုင်းကြီးရဲ့
အလှအပတွေကို သဘောကျလို့ ဘယ်နှစ်နှစ်ကြာအောင် ဆောက်ရသလဲလို့ မေးပြန်ပါတယ်။
ဒီတစ်ခါတော့ “ဆယ်နှစ်ပဲ ကြာပါတယ်။” လို့ ဧည့်လမ်းညွှန်က ပြန်ဖြေပါတယ်။

“မင်းတို့ အိန္ဒိယကကောင်တွေ အလုပ်လုပ်တာ အတော်နှေးတာပဲ။ ငါတို့ဆီမှာ
ဆိုရင် ဒီလို အဆောက်အဦးမျိုးကို ၂ နှစ်ခွဲနဲ့ ဆောက်လို့ ပြီးတယ်။” လို့
တိုးရစ်စ်က ပြောပြန်ပါတယ်။

အဲဒီလိုနဲ့ တိုးရစ်စ်ဟာ သူသဘောကျသမျှ အဆောက်အဦးတိုင်းကို သူတို့
တိုင်းပြည်မှာ ဆိုရင် အချိန် ၄ ပုံ ၁ပုံလောက် သုံးရင် ပြီးတယ်
ဆိုပြီးတော့ ပြောပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ ဒေလီက ကူတပ် မိုင်နာ
တာဝါကြီး ကို ရောက်လာပါတယ်။ တိုးရစ်က “ဒါဘာကြီးလဲ” လို့ မေးတော့
ဧည့်လမ်းညွှန်က “မသိဘူး။ မနေ့က ညနေကအထိတော့ ဒါကြီး မရှိသေးဘူး။” လို့
ပြန်ဖြေ လိုက်ပါတယ်။


ပြောထားလေ

နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို
ရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။
နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁
ယောက်ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။
ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး
တစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။
ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငြင်းပါတယ် ..။
အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့
အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို
ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲ့ ပြန်ထွက်လာတယ်
အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်
ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ .. အမလေးမနည်းကို ရိုက်သတ်ခဲ့ရတယ်
>>>ဆက်ဖတ်ရန်>>> >>

လက်တောပ့်အသုံးချနည်း




















>>>ဆက်ဖတ်ရန်>>> >>

Wednesday, October 28, 2009

တန်ဆောင်တိုင်လက်ဆောင်





>>>ဆက်ဖတ်ရန်>>> >>

Tuesday, October 27, 2009

ပတ်ဝန်းကျင်ကြောင့် မပြောင်းလဲစေချင်

အိမ်ထောင်မကျခင်က ဆိုကရေးတီးဟာ မိတ်ဆွေတွေနဲ့ အခန်းကျဉ်းတစ်ခုမှာ
အတူနေခဲ့ကြတယ်။ အခန်းကျဉ်းပေမယ့် ဆိုကရေးတီးက နေ့နေ့ညည သူ့ဘဝကို
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့
တယ်။

မိတ်ဆွေတစ်ဦးက “ကိုယ်လှည့်စရာမရှိအောင် ကျပ်ညှပ်တဲ့အခန်းကျဉ်းထဲမှာ
ပျော်အောင် ဘယ်လိုနေသလဲ” လို့ မေးခဲ့တယ်။

“မိတ်ဆွေတွေနဲ့ အတူနေရတော့ အချိန်မရွေး အတွေးအခေါ်၊
ခံစားချက်တွေမျှဝေနိုင်တယ်။ ဒါဟာ ပျော်စရာကောင်းတဲ့အရာတွေပဲ မဟုတ်လား”
လို့ ဆိုကရေးတီးက ပြန်ဖြေတယ်။

အဲဒီနောက် မိတ်ဆွေတွေ အသီးသီး အိမ်ထောင်ကျကုန်ပြီး
အိမ်ကထွက်သွားခဲ့ကြတယ်။ နောက်ဆုံး အခန်းကျဉ်းထဲမှာ ဆိုကရေးတီးတစ်ဦးပဲ
ကျန်ခဲ့တယ်။ ဒါပေမယ့် နေ့ရက်တွေကို သူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တယ်။

“တစ်ယောက်တည်း အထီးကျန်နေတာတောင် ပျော်အောင်ဘယ်လိုနေသလဲ” လို့ အဲဒီမိတ်ဆွေက မေးတော့

“ကျွန်တော့်မှာ စာအုပ်တွေအများကြီးရှိတယ်။ စာအုပ်တစ်အုပ်က
ကျွန်တော့်အတွက် ဆရာတစ်ဦးပဲ။ ဒီလောက်ဆရာအများကြီးနဲ့ အတူနေရပြီး
သူတို့ပြောဆိုသမျှ လိုက်မှတ်ရတာ ပျော်စရာကောင်းပါတယ်” လို့ ဆိုကရေးတီးက
ဖြေခဲ့တယ်။

နှစ်အနည်းငယ်ကြာပြီးနောက် ဆိုကရေးတီးလည်း အိမ်ထောင်ကျသွားခဲ့တယ်။
အိမ်ထောင်ကျပြီး အိမ်ကြီးတစ်အိမ်ထဲ သူတို့ပြောင်းရွေ့ခဲ့ကြတယ်။ အိမ်ကြီးက
(၇)ထပ်ရှိပြီး သူတို့ကအောက်ထပ်မှာနေကြတယ်။ အောက်ထပ်က အညစ်ပတ်ဆုံး၊
အဆူဆုံး၊ မလုံခြုံဆုံးဖြစ်တဲ့အပြင် အပေါ်က အညစ်အကြေး၊ အမှိုက် စတာတွေ
မကြာခဏ အပစ်ချခံရတယ်။ ဒါတောင်ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့
ဆိုကရေးတီးကိုမြင်တော့ မိတ်ဆွေက “ဒီလိုအခန်းမျိုးမှာတောင် ပျော်ရွှင်အောင်
ဘယ်လိုနေနိုင်သလဲ” လို့ မေးပြန်တယ်။

“အောက်ဆုံးထပ်က အဆင်ပြေတယ်။ ဝင်လိုက်တာနဲ့ အိမ်ပဲ၊ ပစ္စည်းအတင်အချ
လွယ်ကူတယ်။ မိတ်ဆွေတွေလာရင်လည်း ရှာရလွယ်တယ်။ တစ်ထပ်တစ်ထပ်သွားပြီး
ရှာနေစရာမလိုတော့ဘူး။ ကျွန်တော်အနှစ်သက်ဆုံးက အိမ်ရှေ့မြေလွတ်မှာ
ပန်းတွေ၊ စားပင်တွေ စိုက်ရတာကိုပဲ.. အဲဒီလိုပျော်ရွှင်မှုက ဘာနဲ့မှ
နှိုင်းပြလို့ မရဘူးဗျာ”

အိမ်အောက်ထပ်မှာ ဆိုကရေးတီးတို့ တစ်နှစ်ကြာနေပြီးနောက်
အိမ်အပေါ်ဆုံးထပ်(၇)ထပ်ကို ပြောင်းခဲ့ရတယ်။ အကြောင်းက အသစ်ပြောင်းလာတဲ့
သူ့မိတ်ဆွေမှာ သက်ကြီးရွယ်အိုတစ်ဦးပါပြီး အပေါ်ထပ်ထိ တက်ဖို့၊ ဆင်းဖို့
အဆင်မပြေလို့ဖြစ်တယ်။ အပေါ်ဆုံးထပ် ပြောင်းခဲ့လည်း နေ့ရက်တွေကို
သူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ဖြစ်တယ်။ ဒါကို မိတ်ဆွေက ဘယ်လိုကြောင့်
ပျော်ရွှင်နိုင်သလဲလို့ မေးပြန်တယ်။

“အပေါ်ဆုံးထပ်ဆိုတော့ ကောင်းတာပေါ့။ လှေကားတက်တက်ဆင်းဆင်း ကျန်းမာရေးအတွက်
ကောင်းတယ်။ အလင်းရောင်ကောင်းတော့ စာဖတ်တဲ့အခါ မျက်စိမထိတော့ဘူး။ နေ့နေ့
ညည တိတ်ဆိတ်နေတယ်။ ကိုယ့်ကိုနှောင့်ယှက်တဲ့လူ မရှိတော့ဘူးပေါ့”

နောက်ဆုံး မိတ်ဆွေက ဆိုကရေးတီးရဲ့တပည့် ပလေတိုကိုတွေ့တော့ “မင်းရဲ့ဆရာ
ဆိုကရေးတီးက သူနေတဲ့ပတ်ဝန်းကျင်၊ နေရာတွေက မကောင်းပေမယ့်
အမြဲပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်နော်” လို့ ပြောတော့ ပလေတိုက “တကယ်တော့
လူတစ်ယောက်ရဲ့ ခံစားမှုအာရုံ(mood)ကို အဆုံးအဖြတ်ပေးတာက
ပတ်ဝန်းကျင်မဟုတ်ဘူး။ သူ့ရဲ့စိတ်ပဲဖြစ်တယ်” လို့ ပြောခဲ့တယ်။


mail မှလာသောစာတစ်စောင်
နန်း
>>>ဆက်ဖတ်ရန်>>> >>

Monday, October 26, 2009

တော်တယ်ဆိုတဲ့ သူများအကြောင်း....(အတွေ့အကြုံ)

တစ်ခါက....
လူတစ်ယောက်ဟာ ချောက်ထဲကျတော့မဲ့ မြည်းတစ်ကောင်ရဲ့အမြီးကို ဆွဲပြီး ချောက်နှုတ်ခမ်းပေါ်
ကိုဆွဲတင်ဖို့ ကြိုးစားနေသတဲ့..။ ဒါပေမဲ့...မြည်းကလည်း ကြောက်လန့်တကြား
ရုန်းကန်နေတော့ သူပါ ချောက်ထဲကျမလိုဖြစ်နေတာကြောင့် ဆွဲမတင်ဖြစ်တော့ပဲ
နောက်ဆုံးမှာ လွတ်ချလိုက်ရသတဲ့.....။

“ တကယ်တော့ တစ်စိတ်တစ်ပိုင်းကိုရတယ်ဆိုတာ တစ်ခုလုံးကို ရတာ မဟုတ်ဘူး...လေ ။ ”

..............................
................................................................................................့

သူငယ်ချင်းတို့ရေ....


Online မှာ တွေ့ရသော ကျွန်တော့်သူငယ်ချင်းတွေဟာ
တော်ကြပါတယ်..။
တချို့တွေက အလွန်ကို တော်ကြပါတယ်..။
တချို့တွေကျတော့ တော်နေတဲ့ သူတွေကို ကြည့်ပြီး အတုယူကြတယ်..။
တချို့တွေကျတော့ တော်နေတဲ့ သူတွေကို ကြည့်ပြီး အားကျကြတယ်...။
တချို့တွေကျတော့ တော်နေတဲ့ သူတွေကို ကြည့်ပြီး အားငယ်ကြတယ်....တဲ့...။

ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော် အကြောင်းအရာလေး တစ်ခု ပြောပြပါ့မယ်..။

(၁၀) တန်းတုန်းက ကျွန်တော်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်..။
ကျွန်တော်နဲ့ စာပြိုင်ဖက် ။
သူက ပိုတော်ပါတယ်..။ (၁၀) တန်းရောက်လို့ ကျောင်းကထွက်ပြီး အပြင်ဖြေဖို့
ကျူရှင်တတ်တော့
လည်း အတူတူပဲ..။ သူနဲ့ကျွန်တော်က ရေစက်ပါတယ် ပြောရမယ်..ဘာလုပ်လုပ် အမြဲတွေ့နေတတ်
တယ်..။
သူ့ နာမည် “ စိုင်မွန်ဇေလင်း ” လို့ခေါ်တယ်..(
ချောတယ်နော်..ကျွန်တော့် သူငယ်ချင်းက...ဤ
ကား....ကြော်ငြာ..။) ဘာသာစုံမှာ ထူးချွန်တယ်..။ တတ်တဲ့ကျူရှင်က
ဘာသာရပ်တိုင်းရဲ့ လစဉ်စာမေးပွဲ
မှာ နံပါတ် (၁) ချည်းပဲ ။ ကျွန်တော်ကတော့ ဒီလိုပါပဲ..။
ဆရာတွေအားလုံးကလည်း သူကို တော်တော် မျှော်မှန်းထားတာပါ ။
ဘာသာစုံပါလာနိုင်တယ်ပေါ့လေ..။ တကယ်လည်း သူကြိုးစားပါတယ်.။
ဒါပေမဲ့..ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ ပုံပြင်လေးလို “
တစိတ်တပိုင်းကိုရတာ တစ်ခုလုံးကို ရတာ မဟုတ်ဘူး ”ဆိုတာ သူ သဘော
မပေါက်ခဲ့ဘူး..။
အောင်စာရင်းတွေထွက် အမှတ်စာရင်းထုတ်ရလို့ သွားထုတ်ပြီးတော့ သူ
မျက်ရည်တွေ ဒုတိယ အကြိမ် မျက်ရည်တွေကျတယ်..။ အောင်စာရင်းထွက်တော့ နောက်မှ
ဘာမှ မပါလို့ ပထမ အကြိမ် မျက်ရည်တွေ ကျရတယ်..။ သူ့အမှတ်တွေ
ဆိုးဆိုးဝါးဝါး နည်းနေတယ်..။ သူ့ကိုယ်သူလည်း မယုံနိုင်
ဘူး...ကျွန်တော်တို့ လည်း မယုံနိုင်ဖြစ်ခဲ့ရတယ်..။
ဒါနဲ့.....ကျွန်တော်တို့တုန်းက တက္ကသိုလ်တွေက ပိတ်ထားလို့
ဒဂုံတက္ကသိုလ်ပဲတတ်တော့ သူနဲ့ကျွန်တော် မေဂျာ စကွဲတယ်..။ နောက်..ကျွန်တော်
အိမ်က ကားပစ္စည်းအလုပ်ကိုပဲ ဝိုင်းလုပ်ပြီး
(တကယ်တော့ လုပ်တယ်ဆိုပြီး မုန့်ဖို့ ရအောင် ယောင်တာပါ..။) သူကတော့
အိမ်မှာ ယောင်ဝါးဝါးပါပဲ။
ဒါလိုနဲ့ ..အရင်လို တတွဲတွဲ မနေဖြစ်ကြပေမဲ့....၃ ရပ်ကွက်လောက်ပဲခြား ၊
အချစ်ဆုံးသူငယ်ချင်းတွေဆိုတော့ တွေ့ဖြစ်ပါတယ်..။ ဒီလိုနဲ့ မတွေ့ဖြစ်တာ ၂
လလောက်ကြာပြီးမှ သူနဲ့
တွေ့တော့ ....“ မင်း..ဘာတွေလုပ်နေလဲ..။” လို့မေးမိတယ်..။

“ အေးကွာ..ငါ့ကို ငါ့အကိုက စင်ကာပူ
ကနေလှမ်းခေါ်နေတယ်..။မသွားချင်သေးဘူး..။ ငါ့ဘက်က
အဆင်သင့် မဖြစ်သေးဘူး...။”

“ အမ်...မင်းက ဘာအဆင်သင့် မဖြစ်သေးတာလဲ...။”

“ ဒီလိုလေကွာ...စင်ကာပူ ကကောင်တွေက အရမ်း Bright ဖြစ်တယ်လေကွာ..။
သူတို့နဲ့ယှဉ်နိုင်ဖို့ ...
ငါ..Eng; တွေ ၊ Computer တွေလေ့လာရဦးမယ်လေ..။ ဒါတွေလိုသေးတယ်လေကွ..။ ”

“ အင်းလေ..လေ့လာပေါ့ကွ...။ ”

ကျွန်တော်ဒါပဲပြောခဲ့ပါသေးတယ်..
နောင် ၆ လကြာတော့ ...သူနဲ့ ကျွန်တော် တွေ့တော့ သူမှာ မပြည့်သေးဘူး...။
တောင် ၁ နှစ်ကျော်လို့ တွေ့တော့လည်း သူ့ကိုယ်သူ အားမရသေးဘူး..။
ဒီမှာ ကျွန်တော်က အိမ်မှာလည်း ယောင်တောင်တောင် အတူတူဆိုပြီး
သူငယ်ချင်းတစ်ယောက်
နဲ့ မလေးရှား သွားတာမှာ ရောယောင်ပြီး ကျွန်တော်ပါ
မလေးရှားရောက်လာခဲ့တယ်..။ ကျွန်တော် ဘာအလုပ်မှ မလုပ်ဖူးဘူးလေ..။
အိမ်မှာတောင်မှ ယောင်စိန်လေ..။ ဒါပေမဲ့ ..ကျွန်တော်မှာ တစ်ခုတော့
ရှိတယ်...။ “ အခု လုပ်နေတဲ့ အလုပ်ကို ကျွန်ောတ် ကြိုးကြိုးစားစား
လုပ်တတ်တာပါပဲ...။”
ကျွန်တော့် အဖေကလည်း ကျွန်တော့်ကို ဒီလိုပဲ လေ့ကျင့်ပေးထားတယ်..။
ဒါနဲ့...မလေးရှားမှာ ၄ နှစ်ကြာပြီး ကျွန်တော်မြန်မာနိုင်ငံကို
ခဏပြန်ရောက်တော့ ...
ရောက်ပြီး တစ်ပတ်လောက်နေတော့ သူနဲ့ တွေ့တယ်..။ မတွေ့တာကြာတော့ ဝမ်းသားအားရနဲ့...

“ ဟေ့ကောင်...မင်းဘာတွေလုပ်နေလဲ..” သူပြန်ဖြေပါတယ်..။

သူ..အခု အထိ စင်ကာပူ က လူတွေရဲ့ Bright ကို ယှဉ်နိုင်ဖို့
လေ့လာလို့ မကုန်သေးဘူးတဲ့လေ..။
ထားပါတော့...မင်းအခု ဘာတွေလုပ်နေလဲ ဆိုတော့ သူ..ကျွန်တော့်ကို သူ့အိမ်ခေါ်သွားတယ်..။
အိမ်က သူ့ကို အမွေအဖြစ်ဝယ်ပေးထားတဲ့ အိမ်တစ်လုံးမှာ သူတစ်ယောက်တည်း
ငါးတွေမွေး ၊ ပန်းပင်တွေစိုက်နေတယ်..။ သူ စိတ်ကူးပေါက်ရာ လုပ်နေတာပါ..။
သူအခု လုပ်ချင်နေတာက Kiss Me Quick
အပင်မျိုးကောင်းကောင်းစိုက်ချင်နေတယ်တဲ့လေ..။ ဘာရည်ရွယ်ချက်လည်း
ကျွန်တော် မမေးမိ
တော့ပါ..။ ကျွန်တော် ဒီလိုပဲ ပြန်လာခဲ့တယ်..။
ဒါကြောင့် ...
ကျွန်တော် လိုရင်းပဲပြောပါတော့မယ်..။
လူဆိုတာ သူများနဲ့မပြိုင်ပါနဲ့...ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်ပေးပါ..။
ကျွန်တော်တို့ရဲက စိန်ဗေဒါကြီးက ဒီလိုပြောခဲ့ပါတယ်..။

“ မနေ့က စိတ်ဗေဒါ ထက် ဒီနေ့ စိန်ဗေဒါ သာအောင် ကြိုးစားနေတာ...။” တဲ့လေ..။

ဘယ်မှာမှန်းမသိတဲ့ စင်ကာပူ က လူတွေကို မယှဉ်နိုင်မှာ စိုးလို့ အခြေအနေ
ရှိရဲ့သားနဲ့ စင်ကာပူ သွားဖို့
နေ့ရွေ့ ညရွေ့ ရွေ့နေတဲ့ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်
စိတ်မကောင်းပါ..။ သူဟာ ယှဉ်ပြိုင်မှုကို
ကြောက်ရွံတတ်သူလားလို့လည်း ကျွန်တော် စဉ်းစားမိပါတယ်..။

“ အသံကောင်းတဲ့ ငှက်တွေသာ တေးသီရမယ် ဆိုရင် တတောလုံး တိတ်ဆိတ်နေမှာပေါ့.....။”

ဆိုတဲ့ စကားပုံလေး ရှိပါတယ်..။ အရာရာ အဆင်သင့် ဖြစ်မှ စင်ကာပူ
သွားမယ်ဆိုတဲ့ ကျွန်တော့် သူငယ်ချင်း ဘယ်တော့မှ စင်ကာပူ ကို သွားဖြစ်တော့
မှာ မဟုတ်ဘူးလို့လဲ ခံယူမိပါတယ်..။
စင်ကာပူသားတွေကလည်း သူ့တို့ ကိုယ်သူတို့ တိုးတတ်နေအောင် ကြိုးစားနေကြမှာလေ..။
သူ..ဘယ်တော့မှ လိုက်မှီတော့မယ် မထင်တော့ပါ...။
ဒါကြောင့်.....Online က ကျွန်တော့်သူငယ်ချင်းတွေအားလုံးကို
ပြောချင်လို့ရေးလိုက်တာပါ..။
ဘယ်သူတွေ ဘယ်လောက်တော်နေတယ် ဆိုပြီး အားငယ်နေစရာ မလို ၊ စိတ်ပျက်နေစရာ
မလိုပါ..။ ကိုယ့်ကိုယ်ကိုယ်ပဲ တစ်နေ့ထက် တစ်နေ့ တိုးတတ်အောင် ကြိုးစား
ယှဉ်ပြိုင်လိုက်ပါ သူငယ်ချင်း..။ တစ်နေ့ထက် တစ်နေ့သာ ပိုသိ ၊ ပိုတတ်အောင်
ကြိုးစားပါ...။
အရင်က....တော်ပါတယ်ဆိုတဲ့ လူတွေဟာ...တစ်နေ့
ကိုယ့်နောက်တော်တော်များများမှာ ကျန်နေခဲ့တာ
တွေ့ရပါလိမ့်မယ်...။

>>>ဆက်ဖတ်ရန်>>> >>

နေရောင်ခြည်မုန်တိုင်း အန္တရာယ် ...

အဲဒီ ဧည့်သည် ဂြိုလ်ဟာ.. ဘဲဥပုံ orbit မှာလှည့်ပတ်နေတယ် ဆိုပါတယ်။ များသောအားဖြင့် ကျွန်တော် လေ့လာဖူးသလောက်ပေါ့ gravity တွေနဲ့ ဖွဲ့စည်းထားတဲ့ သက်ဆိုင်ရာ နေအဖွဲ့ အစည်းတိုင်းမှာ celestial body တွေကသူတို့ ရဲ့ပုံမှန်ပတ်လမ်းမှာပဲ လည်ပတ်ကြပါတယ်။ နေအကြောင်းပြန်လေ့ လာမယ်ဆိုရင်လည်း Equinoxes တွေကြောင့်ဖြစ်တဲ့ declination အပြောင်းအလဲဟာ တစ်ပတ်ပြည့်ပြီး မူလ Equinoxes နေရာကို ပြန်ရောက်ဖို့ (Precession of Equinoxes) နှစ်ပေါင်း ၂၆၀၀၀ ကြာပါတယ်။ ( Refer to Admiralty manual of tide and tidal stream) ညီမျှသော ဆွဲအားတွေကြောင့် celestial body တစ်ခုဟာ မူလပတ်လမ်းကနေသွေဖယ်သွားဖို့ ဆိုတာ ခက်ခဲပါတယ်။ ဒီမူလ ပတ်လမ်းပုံသေရှိတဲ့ အတွက်ပဲ celestial body တွေကြားက ဆွဲအားတွေကြောင့် ကျွန်တော်တို့ ကမ္ဘာမှာ tide ဆိုတာဖြစ်လာပါတယ်။ တစ်ခြားတစ်ဘက်ကို ကြည့်မယ်ဆိုရင်လည်း ညီမျှသော ဆွဲအား gravity between celestial bodies တွေကြောင့်ပဲ satellite တွေကို ကျွန်တော်တို့ ပုံသေပတ်လမ်းပေါ်မှာ လွှတ်တင်ထားနိုင်တာပေါ့။ ကျွန်တော် အမြင်ကိုဆွေးနွေးချင်တာကတော့ လွန်ခဲ့သော နှစ်ပေါင်း 3600 အတွင်းက ဒီလိုကမ္ဘာ ပျက်တဲ့ ဖြစ်စဉ်မျိုး ဘာအထောက်အထားမှ မရှိခဲ့ပါဘူး။ ပုံသေပတ်လမ်းမှာ လှည့်ပတ်နေတဲ့ ဒီ planet X ဟာ... တကယ်သာ အဲဒီလိုတည်ရှိလှည့်ပတ်နေရိုးမှန်ရင်.... လွန်ခဲ့သော နှစ်ပေါင်း ၃၆၀၀ ကလည်း ဒီနေရာသို့ အနည်းငယ်သွေဖယ်သော declination နဲ့ နေနဲ့ ကမ္ဘာကြားကို ၀င်ရောက်ခဲ့မှာပါပဲ။ ဒါပေမယ့် ခုထိတော့ ကျွန်တော် သိရသလောက် အထောက်အထား မရှိပါခင်ဗျာ။ ခန့်မှန်းချက်များ ဖြစ်တဲ့အတွက် ကျွန်တော်တို့လို ပမွှားများ အနေနဲ့ လည်း ၁၀၀% သေချာ ပေါက်မပြောရဲပါ။ သို့သော် ကျွန်တော့် အမြင်အရ ဖြစ်နိုင်ချေနည်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ Moon,Sun နဲ့ Earth Gravity ဖွဲ့စည်းမှုဟာ.... နောက်ထပ်ဂြိုလ်တစ်လုံးဝင်ရောက်လာမယ်ဆိုရင်တော့ မူလ တော့ပစ် မှာတင်ထားသလို ကြောက်စရာ အကောင်းဆုံးဖောက်လွဲ ဖောက်ပြန်မှုတွေ ကြုံရမှာတော့ မလွဲကြောင်းပါ။

>>>ဆက်ဖတ်ရန်>>> >>

၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလားဆိုတဲ့ မေးခွန်းရဲ့အဖြေ

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတလွှားက အင်တာနက် သုံးစွဲသူတွေဆီကို Forward Mailအနေနဲ့ ပျံနှံ့ရောက်ရှိနေခဲ့တဲ့ မေးခွန်းကတော “၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းပါ။ နီဘီရူယှဉ်တွဲမှုဖြစ်ရပ် (Nibiru Collision)လို့ ခေါ်ကြတဲ့ အဲဒီကိစ္စဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးလို့ NASA (အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ)က ပညာရှင် တစ်ဦးက ပြောသွားခဲ့ပါတယ်။ နီဘီရူကိစ္စဟာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု ကမ္ဘာမြေကို (၂၁)ရာစု အစောပိုင်းမှာ တိုက်ရိုက်ထိမှန်မယ် (ဒါမှမဟုတ်) ကမ္ဘာနားက ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။ ဒီအကြောင်းကို (၁၉၉၅)ခုနှစ်က zetatalk၀က်ဘ်ဆိုက် တည်ထောင်သူ အမျိုးသမီး နန်စီလေဒါက စပြီးတော့ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်စီဟာ သူ့ကိုယ်သူ စိတ်ဝိဥာဉ် ပေါင်းကူးနိုင်စွမ်းရှိတယ်လို့ ကြေညာထားပြီး Zeta Reticuli ကြယ်စင်ကြီးက တခြားသက်ရှိတွေနဲ့ စိတ်ချင်းစကားပြောနိုင်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ သူဟာ ပထမဆုံး မေလ(၂၀၀၃)ခုနှစ်မှာ ကမ္ဘာရှိတဲ့ နေစကြာဝဠာ တစ်ခုလုံး ပျက်သုဉ်းတော့မယ်လို့ သူ့ကိုမိတ်ဆွေဂြိုဟ်သားတွေက အသိပေးတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ တကယ်တမ်း ကမ္ဘာပျက်မှာ (၂၀၁၀)ခုနှစ်ဝန်းကျင်လို့ ပြောင်းပြီးပြောပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀င်ရိုးစွန်းနေရာ ရွေ့သွားတာကြောင့်မို့လို့ပါဆိုပြီး နန်စီက ပြောခဲ့သလို အဲဒီနောက်မှာတော့ လူသားမျိုးပြုတ်မယ့် ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့မယ့် ကမ္ဘာပျက်သောနေ့ (Doomsday)ကို ကြုံရတော့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီအတွေးအခေါ်အရ ကမ္ဘာနဲ့ရွယ်တူလောက်ရှိတဲ့ ဂြိုဟ်ပဲ့ကြီးတစ်ခုဟာ (၂၀၁၂)ခုနှစ်လောက်မှာ လူသားတွေနေတဲ့ ကမ္ဘာကို ဦးတည်ရောက်ရှိလာမှာပါတဲ့။ တိုက်ရိုက်တိုက်မိခဲ့ရင် ကမ္ဘာတစ်ခုလုံး ပျက်စီးသွားမှာဖြစ်သလို ကပ်ပြီးဖြတ်သွားရင်တောင် အရှိန်ပြင်းလွန်းတာကြောင့် လူသားမျိုးနွယ် ပြုတ်ပြုတ်ပြုန်းလုနီးပါး ဖြစ်သွားမယ်လို့ ဆိုပါတယ်။ နန်စီရဲ့ လက်တွေ့မကျတဲ့ အယူအဆဟာ အစွန်းရောက် ဘာသာရေး အဖွဲ့တွေရဲ့ ၀ါဒဖြန့်မှုနဲ့အတူ ကြီးထွားလာပြီး “(၂၀၁၂)မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းကို လူပြောများလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့လို့ ခန့်မှန်းထားတဲ့ အဲဒီဖြစ်ရပ်ကြီးကို Code Nameအနေနဲ့ ပေးထားတဲ့ နီဘီရူဆိုတာ ရှေးဟောင်း ဘေဘီလုံ လူမျိုးစုတွေရဲ့ နက္ခဗေဒ ပညာရပ်ထဲက ဆိုးရွားကြမ်းကြုတ်တဲ့ အချိန်ကာလတစ်ခုရဲ့နာမည်ကို မှည့်ခေါ်ထားတာပါ။ နောက်ပြီးတော့ “ကောင်းကင်ဘုံရဲ့အလွန်”လို့လည်း အဓိပ္ပါယ် သတ်မှတ်နိုင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့ဆိုတဲ့ အခြေအမြစ်မရှိ ခန့်မှန်းအတွေးအခေါ်တွေအရ Xဂြိုဟ် (ဒါမှမဟုတ်) နီဘီရူလို့ နာမည်ပေးထားတဲ့ စကြာဝဠာ ဂြိုဟ်ပဲ့ကြီးတစ်လုံးဟာ ကမ္ဘာကို (၂၀၁၂)ခုနှစ်မှာ တိုက်ရိုက်ဝင်တိုက်တော့မှာလို့ ယုံကြည်နိုင်ပါတယ်။



NASAရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေးဗစ်မော်ရစ်ဆန်ကတော့ ဒီကိစ္စကို ရယ်စရာ အိပ်ယာဝင် ပုံပြင်ကောင်းတစ်ခုလို့ ယူဆထားတာပါ။ “နီဘီရူဆိုတာ ကျွန်တော်တို့ရဲ့ လက်တွေ့လေ့လာမှုထဲမှာ လုံးဝမရှိတဲ့အရာဆိုတာ ခင်ဗျားတို့ သိဖို့တော့ လိုမှာပါ”လို့ မော်ရစ်ဆန်က Washington Post သတင်းစာကြီးနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာနဲ့ Xဂြိုဟ်ဝင်တိုက်လို့ ကမ္ဘာကြီး ပျက်တော့မယ်ဆိုတာဟာ လူ့သမိုင်းခေတ်သစ်တစ်ခုကို စတော့မယ်လို့ စိတ်ကူးယဉ်ဇာတ်ကားကောင်းကောင်း ရိုက်ချင်နေတဲ့ ဟောလီးဝုဒ် ကုမ္ပဏီတွေအတွက် အခွင့်အရေးကောင်းတစ်ခုထက် ဘာမှမပိုဘူးလို့ မော်ရစ်ဆန်က ဆိုပါတယ်။ ရှေးဟောင်းဆူမားရီးယန်း မျိုးနွယ်စုတွေရဲ့ မှတ်တမ်းထဲမှာ Zenchriaဆိုတဲ့ ခေတ်တစ်ခုတုန်းက နီဘီရူဆိုတဲ့ ကြယ်ကြီးကို မြင်လိုက်ရတဲ့အကြောင်း မှတ်တမ်းကလွဲပြီး သမိုင်းတလျှောက် ဘယ်သူမှ နီဘီရူဆိုတဲ့ စကြာဝဠာထဲက ဂြိုဟ်ပဲ့ကြီးအကြောင်း ပြောခဲ့၊ ရေးခဲ့တာ မရှိပါဘူး။ တကယ်တော့ဒါဟာ လူ့သမိုင်းကို အခြေခံ ခုတုံးလုပ်ပြီး လုပ်ကြံထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်လို့ မော်ရစ်ဆန်က ပြောပြခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မာယာလူမျိုးစုတွေရဲ့ ကာလရှည်ကြာ ပြက္ခဒိန်ကလည်း (၂၀၁၂)ခုနှစ် ကျရောက်တဲ့အချိန်မှာ ကမ္ဘာပျက်မယ်လို့ ဇာတ်လမ်းကောင်းကောင်းလေးတစ်ခု ဖန်တီးထားခဲ့တာကလည်း ရှိနေတာမို့ပါ။



မာယာတွေ ယုံကြည်ထားတာအရ Batun 13ဆိုတဲ့ အချိန်ယန္တယားစက်ဝိုင်း ကုန်ဆုံးသွားပြီးတဲ့အချိန်ဖြစ်တဲ့ (၂၀၁၂)ခုနှစ်လောက် ကာလမှာ Batun 14ဆိုတဲ့ အချိန်စက်ဝိုင်း နောက်တစ်ခု စပါလိမ့်မယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ခါပျက်မယ်လို့ ဆိုထားတာကိုး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာကြီးကို ဘယ်အာကာသ တိုက်ခိုက်မှုမှ ရောက်လာမှာ မဟုတ်ဘူးလို့ အာမခံထားပါတယ်။ ကမ္ဘာပျက်မယ့်နေ့ကို အတိအကျ မသိနိုင်ပေမယ့် (၂၀၁၂)ခုနှစ်ထိတော့ ကမ္ဘာဟာ အကောင်းအတိုင်း ရှိနေမှာပါ။ တကယ်တော့ အရင်ကလည်း ခုလိုမျိုး ကမ္ဘာပျက်မယ်ဆိုတဲ့ စိတ်ကူးယဉ် ကောလဟာလတွေ ရှိခဲ့တဲ့ ဥပမာတွေ အများကြီးပါ။ ထင်ထင်ရှားရှား တစ်ခုအနေနဲ့ အက်ပေါ့ဟစ် (Apophis)ဆိုတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး တစ်ခုဟာ ကမ္ဘာနားက (၂၀၂၉)၊ (၂၀၃၆)နဲ့ (၂၀၆၈)ခုနှစ်တွေမှာ (၃)ခါဖြတ်သွားပြီး အဲဒီအချိန်ကျရင် လူတွေသောက်သောက်လဲ သေကြမယ်လို့ သတင်းကြီးခဲ့ပါသေးတယ်။ ဒါပေမယ့် တိုင်းတာမှုတွေအရ အဲဒီဂြိုဟ်သိမ်ကြီး ကမ္ဘာနားက ဖြတ်သွားချိန်မှာ အနည်းဆုံး မိုင်(၁၈၀၀၀)လောက် ဝေးနေမှာဖြစ်ပြီး ဒါဟာလုံးဝလုံခြုံ စိတ်ချရတဲ့ အကွာအဝေးပါလို့ ပညာရှင်တွေက အတိအလင် ခိုင်ခိုင်မာမာ ပြောကြားထားပါတယ်။ ဘာပဲဖြစ်ဖြစ် (၂၀၂၉)ခုနှစ်နား နီးလာရင် “အက်ပေါ့ဟစ်ကြီး ကမ္ဘာကို ၀င်တိုက်ရင် ဘယ်လိုလုပ်မလဲ”ဆိုတာ တွေ့ရကြုံရ၊ ဗျာများရအုံးမယ့် မေးခွန်းပါ။ “အဲဒီအခါကျတော့လည်း ကျွန်တော်တို့က ပြည်နယ်တစ်ခုစာလောက်တော့ ပြာကျသွားမှာပေါ့လို့ ဖြေလိုက်ကြတာပေါ့”လို့ မော်ရစ်ဆန်က ရယ်ရယ်မောမော ပြောသွားခဲ့ပါတယ်
>>>ဆက်ဖတ်ရန်>>> >>