Thursday, January 7, 2010

လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေရပီးစက ကဗျာတွေပါ

မင်းလိုသူငယ်ချင်း"

ငှက်တွေမြင့်မြင့်ပျံကြတယ်

ဖမ်းဖို့ခက်သလို

မင်းလိုသူငယ်ချင်းကို

မေ့ဖို့ခက်ပါတယ်..........

ကြယ်တွေကောင်းကင်ထက်မှာ

လင်းလက်နေကြတယ်

ရယူနိုင်ဖို့ခက်သလို

မင်းလိုသူငယ်ချင်းကို

မုန်းဖို့ခက်ပါတယ်.........

ငါလည်းသေသွား

ပင်လယ်လည်းခမ်းခြောက်သွားမယ်ဆိုလည်း

မင်းလိုသူငယ်ချင်းကို

ဘယ်တော့မှ နှုတ်မဆက်ပါဘူးကွယ်.................

FRIEND LIKE YOU

bird fly high
hard to catch
friend like you
hard to forget
stars twinkle in the sky

hard to take
friend like you
hard to hate
i will die
sea will dry

friend like you
i never say "GOOD BYE"


Dream poem

writing a poem in dream
the poem i write leaves no mark
deep in the warm night i dream the dream
in each dream i write a poem
the poem i write i do not voice
for a moment i greet the poem
for that moment i smile with joy
when i awake i recall
the old incidentof the night
and with that thought i retain the joy

အိပ်မက် ကဗျာ

အိပ်မက်ထဲမှာ ၊ ကဗျာရေးသော

ရေးသောကဗျာ ၊ အရာမထင်

ညဥ့် ပင်ညဥ့် နက် ၊နွေးလျှက်တွေးမက်

တခါမက်လျှင် ၊ တပုဒ်ဆင်၍

ဆင်သောတပုဒ် ၊ ကွယ်၍မြုပ်၍

နုတ်နှင့်မဟ ၊ ဖော်မပြလည်း

ဆီးရကြိုရ ၊ တဒင်္ဂသည်

ပြုံးရပျော်ရ ၊ တခဏသည်

ညကဖြစ်ကြောင်း ၊ ပြန်၍ ပြောင်း၍

မဟောင်းမဆွေး ၊ တတွေးတွေးပင်

တရေးနိုးသော် ၊ ပျော်နေမြဲ ။

WAVE AND ROCK
Myo Myint Sew

it is war
whenever we meet
yet when you retreat
wiping your tears
i sit alone here
unhappy,
whenever you leave me
you go crying
happier together quarrelling
then separated and sad,
so let's get together again
in a world that is mad.


လှိုင်းနှင့် ကျောက်ဆောင်

တွေ့ကြသောခါ ၊ မင်းနဲ့ငါလျှင်
ကြေညာ ရန်စစ် ခင်းကြမြဲ ။
မျက်ရည်ကိုသုတ် ၊ မင်းပြန်ဆုတ်လျှင်
ငုတ်တုတ်ငါ့မှာ မှိုင်ရမြဲ ။
ငါ့ကိုကြဉ်ဖယ် ၊ လှိုက်လှဲလှဲဖြင့်
မင်းလဲလမ်းမှာ ၊ ငိုသွားမြဲ ။
ဝေးတသက်သက် ၊ နီးတကျက်က
စိတ်လက်ရွှင်ပုံ ၊ ရူးသူ့ဘုံမို့
ပြန်ဆုံဦးစို. မင်းနဲ.ငါ။

...................................

...................................ဒီကဗျာတွေက လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေရပီးစက ကဗျာတွေပါ

...............................................ဆိုဒ်တွေထဲမှာတော့.......သခင်ကြီနာမည်နဲေ၇းတယ်လေ

........................................................


သူငယ်ချင်းတစ်ယောက်ဆီကရလာသောစာပါ...


နန်း

>>>ဆက်ဖတ်ရန်>>> >>

ဘ၀ = ချောကလက်

ညာတတ်ဘွဲ့ ရ ကျောင်းနေဖက်လည်းဖြစ်၊ ဆိုင်ရာလုပ်ငန်းအသီးသီးမှာ နေရာယူလုပ်ကိုင်နေကြသူ လူငယ်တစ်ခု သူတို့ ရဲ့ မိတ်ဆုံစားပွဲပြီးတဲ့အခါ
ပင်စင်ယူသွားပြီဖြစ်တဲ့ တက္ကသိုလ်က ပါမောက္ခဟောင်းဆီကို သွားတွေ့ ကြတယ်။

ခဏတဖြုတ်စကားပြောပြီးတဲ့အခါ သူတို့ အလုပ်တွေအကြောင်း ငြီးတွားလာကြတယ်။

သူ့ တပည့်တွေကို ချောကလက် ပူပူနဲ့ ဧည့်ခံဖို့ ပါမောက္ခကြီး မီးဖိုချောင်ထဲဝင်သွားလေရဲ့။ ပြန်ထွက်လာတော့ ချောကလက်ပူတွေထည့်တားတဲ့
အိုးကြီးရယ်၊ ခွက်မျိုးစုံရယ် ယူပြီးထွက်လာတယ်။ ခွက်တွေကလည်း အစုံပေါ့။ ဖန်ခွက်၊ ကြွေခွက်၊ မြေခွက်၊ တန်ဖိုးကြီးကြီး ဈေးကြီးပေးဝယ်ရတဲ့ ခွက်တွေ၊ ကွဲလွယ်တဲ့ခွက်တွေ - အိုး စုံလို့ ပါပဲ။
"ကိုယ့်ဘာသာ ကိုယ်သာ လိုသလို ထည့်သောက်ကြတော့ကွာလို့ " ပြောရှာတယ်။

ကိုယ်စီကိုယ်စီ ချောကလက်ပူပူတစ်ခွက်စီ သောက်နေတဲ့အချိန်မှာ ပါမောက္ခကြီး စကားဆိုလာတယ်။ "သတိထားကြည့်ကြစမ်း - တန်ဖိုးကြီးကြီး၊ ခွက်လှလှလေးတွေ အားလုံးကိုယူပြီး ရိုးရိုးခွက်တွေ၊ ဈေးပေါပေါခွက်တွေတော့ ချန်ထားခဲ့ကြတယ်မဟုတ်လား။ ကိုယ့်ကိုကိုယ်အကောင်းဆုံးကိုပဲ လိုချင်ကြတယ်ဆိုတာ သဘာဝဆိုပေမယ့်အဲဒါကမင်းတို့အခုေ
ပြာနေတဲ့ ပြဿနာတွေ စိတ်ဖိစီးမှုတွေရဲ့ အဓိက ရင်းမြစ်ပဲ..."

"ထည့်သောက်တဲ့ခွက်က ထည့်ထားတဲ့ ချောကလက်ပူပူရဲ့ အရသာနဲ့ ဘာမှပါတ်သတ်မှု မရှိဘူး... ပိုပြီးဈေးကြီးတာပဲရှိပြီးတော့ ဘာသောက်နေတယ် ဆိုတာကိုတောင် သတိထားမိရဲ့လား"

"အစကတော့ မင်းတို့ တကယ်သောက်ချင်တာ ချောကလက်တစ်ခွက်ပါပဲ။ ခွက်မဟုတ်ဘူးလေ။ ဒါပေမယ့် အကောင်းဆုံးခွက်ကို ဦးစားပေးရွေးချယ်ကြတယ်။ ပြီးတော့ တစ်ယောက်ခွက်တစ်ယောက် လိုက်ကြည့်နေကြတယ်။"

"ဘဝဆိုတာ ချောကလက်ပူပူနဲ့ တူတယ်ကွ... မင်းတို့ အလုပ်၊ ငွေ၊ ရာထူးဂုဏ်တွေ ကတော့ အဲဒီချောကလက်ကိုထည့်သောက်တဲ့ ခွက်နဲ့ တူတယ်ကွ၊ အဲဒါတွေက မင်းတို့ဘဝကို ကိုင်တွယ်ဖြေရှင်းဖို့အသုံးခံပစ္စည်းပါပဲကွာ၊ ပြီးတော့ အဲဒီခွက်နဲ့ တူတဲ့အရာတွေနဲ့ မင်းတို့ ဘဝရဲ့ အရည်အသွေးကို အဓိပ္ပါယ်ဖွင့်မပေးနိုင်သလို ပြောင်းလဲအောင်လဲမလုပ်နိုင်ပါဘူးကွာ" ........

ဟုတ်ပါတယ် ...
တစ်ခါတလေမှာ ထည့်သောက်မယ့် ခွက်ကို အာရုံစိုက်နေရင်းနဲ့  ဘဝချောကလက်ပူပူကို ခံစားနိုင်ဖို့ အခွင့်အရေးတွေ ဆုံးရှူံးသွားခဲ့ရပါတယ်။ လူတိုင်းလူတိုင်းမှာ ချောကလက်ပူပူတစ်ခွက်စီ ခံစားဖို့ ပိုင်ဆိုင်ပြီးသားပါ။ ဒါပေမယ့် ထည့်သောက်မယ့် ခွက် ကိုသာရွေးနေမိပါတယ်။ ဘဝမှာ အပျော်ဆုံးလူဆိုတာ အကောင်းဆုံးတွေကိုပဲ ရနေတဲ့လူ၊ ရှိနေတဲ့လူ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတာကို အကောင်းဆုံးလုပ်နိုင်တဲ့လူကသာ အပျော်ဆုံးလူပါပဲ။

ဒါကြောင့်...
ရိုးရှင်းစွာနေထိုင်ပါ။ နက်နက်ရှိုင်းရှိုင်း ချစ်တတ်ပါ။ လေးလေးနက်နက် ဂရုစိုက်တတ်ပါ။ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံပြီးတော့ ဘဝချောကလက် ပူပူလေးကို ခံစားကြည့်လိုက်ပါ။

နန်း
>>>ဆက်ဖတ်ရန်>>> >>

ပညာဆိုသည်မှာ...

တစ်ခါက သင်္ချာပညာရှင်ကြီး “ယူကလစ်” ကို သူ့ တပည့်တစ်ယောက်က အခုလိုမေးသတဲ့..
“ဆရာကြီးခင်ဗျာ… ဆရာကြီးသင်ပေးတဲ့ ဂျီသြမေတြီ ပညာဟာ လက်တွေ့ 
မှာဘာအသုံးကျမှာလည်းခင်ဗျာ ။”
“ယူကလစ”်က ဘာမှပြန်မပြောပါဘူး…အစေခံတစ်ယော
က်ကိုခေါ်ပြီး အခုလိုအမိန်
့ပေးလိုက်ပါတယ် ။
“ဒီသူငယ်ကို အသပြာနည်းနည်း မ,စလိုက်ပါကွယ်။”
“ယူကလစ”လိုလူမျိုးကို “ပညာရှင်(Academic)” လို့ ခေါ်ပါသည်။ သူ့ တပည့်လို
လူမျိုးဟာ “ပညာရှင်”မဟုတ်ပါဘူး… အလွန်ဆုံးဖြစ်မှ “ပညာသည်(Technician)”
လို့  သာသတ်မှတ်နိုင်ပါလိမ့်မယ်…။
“ပညာရှင်” ရဲ့စိတ်ဓါတ်ဟာ “အကျိုးစီးပွား”နဲ့  မယှဉ်ပါဘူး။ “ပညာ”
ကိုသာတရှိုက်မက်မက်ရှာဖွေနေလိုသူဖြစ်တယ်။ သူရဲ့ ကိုယ်၊စိတ၊်နှလုံး
သုံးပါးလုံးကို အဆက်မပြတ် လှုံ့ ဆော်နေတာဟာ ငွေကြေးမဟုတ်ပါဘူး။
ဂုဏ်ပကာသနလဲ မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့်အာဏာတွေလည်း မဟုတ်ပါဘူး။ သူ
့အသွေးအသားထဲမှာ ကိန်းဝပ်နေတဲ့ “ကိုယ်ပိုင်အဟုန်”က သူ
့ကိုမောင်းနှင်နေတယ်။ သူ့ ဘ၀ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဟာ ပညာရှာဖို
့ပါပဲ။ “ပညာ” ဟာသူ့ အတွက် အလုပ်ဖြစ်သလို သူ့ 
ရဲ့ပျော်ရွှင်မှူလဲဖြစ်ပါတယ်။
“ပညာသည် ပညာအတွက် (Knowledge for the sake of Knowledge)” ဆိုတာ
ပညာရှင်တွေရဲ့ မကြေငြာတဲ့ မူဝါဒလို့ ဆိုနိုင်ပါတယ်။“ဘာအတွက်၊
ညာအတွက်”ဆိုပြီး လက်ရုံးဆန့် တန်းလေ့ရှိသူများအတွက်ကတော့… ဒီသဘောကို
ဘ၀င်ကျ လှမယ်မထင်ပါဘူး။
“ပညာသည်၊ ပညာအတွက်”ဆိုတာ ခေါမ ဒသ၁နဆရာတွေရဲ့ လုပ်ထုံး၊လုပ်နည်းပါ။
အထူးသဖြင့် သင်္ချာပညာရှင်တွေဖြစ်ပါတယ်။ သိပြီးသား ပညာတစ်ခုကိုအခြေခံပြီး
မသိသေးတဲ့ပညာကို ဆက်ရှာတယ်။ သိပြီဆိုတာနဲ့  အဲဒီပညာကို အခြေခံပြီး နောက်
မသိသေးတဲ့ပညာကိုဆက်ရှာတယ်။ ဒီလိုနဲ့  ပညာခရီးသည်ဟာ
“အကြွင်းမဲ့သိခြင်း(Absolute True)” ဆီကိုဦးတည်ပြီး
မမောမပန်းခရီးဆက်နေပါလိမ့်မယ်။
လောကီမှာ“အကြွင်းမဲ့”ဆိုတဲ့ပြည့်စုံမှူမျိုးမရနိုင်လေတော့ ပညာခရီးဟာလည်း
ဘယ်တော့မှမဆုံးနိုင်တော့ဘူးပေါ့။ ဒါကြောင့် ပညာရှင်တွေဟာ အ၀ိဇ္ဇာကနေ
ဝိဇ္ဇာဆီကို မနားတမ်းခရီးဆက်နေတဲ့ “စဉ်ဆက်မပြတ် လေ့လာနေကြသူများ
(Continual Learners)” ဖြစ်ပါတယ်။

mail မှလာသောစာတစ်စောင်

နန်း
>>>ဆက်ဖတ်ရန်>>> >>